Thursday, September 27, 2012

ပူတင်းပေါင်မုန့်



ဒီတစ်ခါတော့ ပူတင်းပေါင်မုန့်လေးပါ။ သာမန်ပူတင်းပေါင်မုန့်များလို ပေါင်မုန့်ကိုကြက်ဥရည်ထဲ ထည့်တာမဟုတ်ပဲ ပေါင်မုန့်ထဲကို ကြက်ဥရည်ပြန်ထည့်တာပါ။ ။ ဒီမုန့်လုပ်နည်းလေးကို မုန့်ဆိုင်တစ်ဆိုင်ကနေရလိုက်တာပါ။ ၀ယ်စားကြည့်ပြီး ကြိုက်တာနဲ့ အိမ်မှာစမ်းလုပ်တာ အဆင်ပြေတာကြောင့်လုပ်နည်းလေးရေး
ပေးလိုက်ပါတယ်။ လုပ်ရတာ လွယ်ကူပြီးမနက်စာအတွက်အဆင်ပြေ နိုင်တဲ့ မုန့်လေးပေါ့။ အားလုံးပဲ နှစ်သက်ကြမယ်ထင်ပါတယ်

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် ၆ လုံး
  • ကြက်ဥရည်

အရင်ဆုံးကြက်ဥရည်ကို ပြင်ဆင်ပါမယ်

  • နွားနို့  1 cup
  • နို့စိမ်း 1/2 cup
  • သကြား ၃ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ကြက်ဥ အနှစ် ၁ခု
  • ဗနီလာအနံ့ ၂ စက်ခန့်

  1. ကြက်ဥရည်အတွက် ကြက်ဥ၊ ဗနီလာအနံ့နဲ့ သကြားကို သမအောင်ခေါက်မွှေထားလိုက်ပါ
  2. နို့ကို အပူပေးပြီး မဆူခင်လေးတင်မီးပေါ်မှ ချလိုက်ပါ
  3. ပြီးရင် ခုနက မွှေထားတဲ့ ကြက်ဥနဲ့ သကြားထဲကိုလောင်းထည့်ပေးပါ။ တစ်ချိန်တည်းမှာလဲ လက်နဲ့မွှေနေပေးပါ
  4. ရလာတဲ့ နို့ကြက်ဥရည်တွေကို စကာနဲ့စစ်ပြီးရင် သုံးလို့ရပါပြီ။

ကျွန်မကတော့ အသင့်ရှိတဲ့ ပေါင်မုန့်လေးတွေကို သုံးလိုက်ပါတယ်။
ပေါင်မုန့်ကို ပုံမပျက်စေပဲ အထဲက အသားလေးတွေကို နည်းနည်းဖဲ့ပြီး ကြက်ဥရည်လောင်းထည့်ဖို့ ခွက်ကလေးတွေဖြစ်အောင်လုပ်ယူပါမယ်။ နောက်ပူတင်းဖြစ်မယ့် ကြက်ဥရည် အနည်းငယ်ကို လောင်းထည့်ပြီး ၁၆၀ ဒီဂရီ အာဗင်မှာ ၅ မိနစ်ကင်ပေးပါ (ဒီလိုမှ မလုပ်ရင် အပြင်ကို ကြက်ဥရည်တွေ စိမ့်ထွက်လို့ပါ)။ ထည့်ထားတဲ့ ကြက်ဥရည်အသားလေးနဲနဲတင်းပြီဆိုမှကြက်ဥရည်ထပ်ဖြည့်ပြီး နောက်ထပ် ၂၀ မိနစ်ကင်ပေးရင် ရပါပြီ

9 comments:

mstint said...

ပူတင်းပေါင်မုန့် အားပေးသွားတယ် Evy ရေ။
အဆင်သင့်ပေါင်မုန့်လေးနဲ့ လုပ်တဲ့နည်းလေးက ပိုအဆင်ပြေတယ်း) ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

oakkar said...

အရသာရှိတဲ့စာ ဆိုတာ ဒီဘလော့မျိုးကိုခေါ်တာဖြစ်မယ် ...ရှလွတ်...
ဘလော့ပိုင်ရှင်မိသားစုတွေတော့ ဝတုတ်လာမှာပဲ ...

Anonymous said...

အရသာရှိလိုက်တာ

Tuumar said...

ပေါင်မုန့်လေးစားသွားပြီ

BabyAngle said...

စားချင်စရာလေ.. လုပ်စားအုံးမယ်.. နည်းလေးမှတ်သွားပါတယ်နော်..

Unknown said...

ပူတင်းပေါင်မုန်.လေးအားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

Thamee Su said...

ပူတင်းပေါင်မုန့်ကြိုက်တယ် မအိ အဆင်သင့်ပေါင်မုန့်လေးနဲ့ လုပ်ရတာကစုအတွက် အဆင်ပြေတယ်း) ကျေးဇူးပါ မအိ

မီးမီးငယ် said...

ကျမအမေကပူတင်းအရမ်းကြိုက်တာ။
ဒီလိုလေးလုပ်ကျွေးအုံးမယ်...။
မျှဝေပေးတာကျေးဇူးတင်ပါတယ်..။

Anonymous said...

bread eat thwar par tal :P

PPS :)