Sunday, February 12, 2012

ဗယ်လင်တိုင်း + မွေးနေ့ အမှတ်တရ




ဒီနှစ်ဗယ်လင်တိုင်းကတော့ ကိုယ်တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ပါပဲ။ အကြောင်းကတော့ ချစ်သော အိမ်ဦးနတ်က အဝေးခဏရောက်နေလို့ပါဘဲ။ ၂ ယောက်ရှိတဲ့ နှစ်တွေကြတော့လည်း ဗယ်လင်တိုင်းနေ့ လုပ်သလားဆိုတော့ မလုပ်ဖြစ်ပြန်ပါဘူး။ ၁ နှစ်တော့ အမှတ်တရ ရှိခဲ့ဖူးတယ်။ ကျွန်မကလည်း အဲဒီနေ့တွေမျိုးကို မရူးသွပ်တတ်တာလည်း ပါမှာပေါ့လေ။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ နားလည်မှုရှိဖို့ပဲ မဟုတ်လား။ Celebrate သာလုပ်တတ်မယ်ဆိုရင်တော့ ပိုပြီးပျော်စရာ၊ ရင်ခုန်စရာ ကောင်းနေမယ်ထင်ပါတယ်။ :-) ကျွန်မကတော့ ထုံးစံအတိုင်းမုန့်လုပ်ဖို့ အကြောင်းရှာနေတဲ့သူဆိုတော့ တိုက်ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းကိုလိုရာဆွဲပြီး မုန့်လုပ်တော့တာပါပဲ ။ နောက်ဖြစ်ချင်တော့ အမေ့မွေးနေ့ကလည်း ဖေဖော်ဝါရီ ၁၆ ရက်ဆိုတော့ မုန့်လုပ်ဖို့အကြောင်းက ပိုကခိုင်လုံသွားရော။ ဒါပေမယ့်လည်း အမေလည်း ဗမာပြည်မှာပါဘဲ။ အဲဒီတော့ ကိုယ့်ဘာသာကိုယ်မုန့်လုပ် ကိုယ့်ဘာသာကိုယ်အားပေးပေါ့လေ။  အမှတ်တရလေးတွေတော့ရှိပါတယ် ဒါပေမယ့် အမှတ်တရအလုပ်ခံမယ့်လူတွေက လောလောဆယ် ကိုယ့်နားမှာ တစ်ယောက်မှ မရှိဘူး ဖြစ်နေတယ် :D  (စဉ်းစားမိတာက အမေဟိုခေတ်မှာ မွေးလို့ ခုခေတ်တွေမှာများ လူဖြစ်လို့ ဆက်ကျော်သက်အရွယ်ဆိုရင်တော့ celebrate လုပ်လို့ကောင်းလိုက်မယ့် ဖြစ်ချင်းလို့ တွေးဖူးတယ်။ ဟုတ်တယ်လေ ရက်ကကြည့်ဦး ၂ ရက်ပဲကွာတယ်)

အဲဒါနဲ့ပဲ အမှတ်တရနေ့ ၂ခုပေါင်းပြီး မုန့်တစ်လုံးဖြစ်သွားပါလေရောလား
မုန့်တွေဘာလုပ်ရမလဲလို့ စဉ်းစားပြီးတဲ့ အခါမှာ နောက်ဆုံး အ၀သက်သာမယ်ထင်တဲ့ ဒီမုန့်ကိုလုပ်ဖြစ်သွားပါတယ်။ သိပ်လည်း အများကြီးမလုပ်ရဲဘူး။ အမာခံ ပရိတ်သတ်မရှိတော့ မကုန်မချင်း တစ်ယောက်ထဲစားရမယ့် အရေးကိုတွေးမိလို့။ ခါတိုင်းလို ပမာဏကို ဂရုမစိုက်ပဲ မနေရဲဘူး။ သေးသေးစားချင်တော့ အကြံထုတ်ရတယ်။



ဒါလေးတွေက မုန့်လုပ်မယ့် ပစ္စည်းလေးတွေ။ ဗယ်လင်တိုင်းဆိုတော့လည်း အသည်းပုံပေါ့။ တစ်ဆင့်ချင်းစီတော့ ဓာတ်ပုံမရိုက်လိုက်နိုင်ဘူး။ ရသလောက်ပေါ့





ဒါလေးတွေ မုန့်မဖုတ်ခင်၊ ဖုတ်ပြီး နဲ့ အသဲပုံဖြတ်ထားတာ။ ပြီးတော့မှ whip cream နဲ့ တစ်လွှာခြင်းစီ အလှဆင်တာ (အဲဒီ အဆင့်တွေတော့ မပါတော့ဘူး လက်မအားလို့ မရိုက်လိုက်ရလို့)။

ကိတ်မုန့်လုပ်နည်း
  • ကြက်ဥ  ၁၂၆ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ပျားရည် ၁၉ ဂ၇မ်
  • ဂျုံ ၅၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ ၁၉ ဂရမ်
  • ဆီ ၁၂ ဂရမ် 

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)

  1. သကြား၊ ကြက်ဥ၊ပျားရည် ရယ်ကိုရောပြီး ribbon like stage ရောက်တဲ့အထိ မွှေပေးပါ။
  2. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အရောင်နဲ့ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်) နဲ့ အနီရောင်ဆိုးဆေး ၁စက်လောက်ကိုထည့်ပြီး ရောမွှေပါ။
  4. ၁၈၀ ဒီဂရီမှာ ၈မိနစ်ဖုတ်ရင်ရပါပြီ။ 
  5. ပြီးမှ လိုသလို လှီးဖြတ်ပြီး ခရင်မ်တစ်လွှာစီ ထည့်ပေးပြီး အအေးခံ ပြီးရင် ရပါပြီ။ ဘယ်လိုတစ်လွှာခြင်းစီ ထည့်ရမယ်ဆိုတာ ကိုကြည့်ချင်ရင် အရင်က ပို့စ်မှာ ကြည့်လိုက်နော်။
ခုတော့ လုပ်ပြီးသားပုံလေးတွေပဲ တင်တော့မယ်။

အသည်းလေးကွဲသွားပြီ :D :D

ဒါလေးတွေကတော့ မနေ့ကရှော့ပင်းထွက်တုံး ရလာတာလေးတွေ။ မနေ့က Raffel city မှာပတ်ရင်း Laneige က ၈၀% bazzar sales ဆိုလို့ဝင်ကြည့်တာ အခန်းသေးသေးလေးထဲမှာ ခိုးကြောင်ခိုးဝှက်လေးရောင်းနေတာ။ ဈေးတွေကတော့ တော်တော်သက်သာတယ်။ အဲဒီ နုတ်ခမ်းနီ ၂ဗူးမှ ၁၅ကျပ်ပဲ။ နောက်ကပုလင်းလေးတွေက makeup remover ၁၀ပုလင်းကို ၅ ကျပ်။ အတူသွားတဲ့ ညီမလေးကို ၅ ပုလင်းပြန်ခွဲပေးလိုက်တယ်များနေတာနဲ့။ ဘာရယ်မဟုတ် အဲလိုပစ္စည်းလေးတွေကို တိုးဝှေ့ဝယ်ရတာလဲ ပျော်တာပါပဲ။ 



အားလုံးပဲ ပျော်စရာ ဗယ်လင်တိုင်း ဖြစ်ပါစေနော်။

18 comments:

Anonymous said...

Happy valentines!
I love the cake u made. so pretty and inviting.
I wanna have a beautiful cake like you make once in a life, at least. :D
Iora

mr.high flyer said...

"""ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ"""
သိကောသိရဲလား...

Evy said...

ဟုတ်ကဲ့ Mr.High Flyer။
ကျွန်မကောင်းကောင်းသိတာပေါ့ရှင်။ ဒီနေ့ဟာလည်းပြည်ထောင်စုနေ့ဆိုတာကိုလည်း ကျွန်မ မမေ့ပါဘူး။ ဒါပေမယ့် သိထားစေချင်တာ တစ်ခုက ဒီဘလော့ဟာ အစားအသောက်ဘလော့ပါ နဲ့ ကျွန်မကြုံတွေ့ခဲ့ရတာတချို့ကိုရေးတဲ့ဘလော့ပါ။ ဒီတော့ ကျွန်မရေးချင်တာကို ရေးချင်တဲ့အချိန်မှာရေးသလို့ စာဖတ်သူတွေလည်း ဖတ်ချင်မဖတ်ချင်ကို ရွေးချယ်ခွင့်ရှိတဲ့ လွတ်လပ်မှုအပြည့်အ၀ ရှိပါတယ်။ ဒီတော့ ကျွန်မဘလော့ကို ကြည့်ဖို့မကြည့်ဖို့ကတော့ လူကြီးမင်းရဲ့ ဆန္ဒပါဘဲ။ လူကြီးလူကောင်းတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် အပြုသဘောနဲ့ ကျွန်မမေ့နေမှာစိုးလို့ သတိပေးနေတယ်လို့ပဲ မှတ်ယူပါမယ်

Mrs. Bagel said...

အစ်မရေ၊ ညီမ custard tart လေးတွေလုပ်ထားတယ်။ ပုံနောက်ပို့စ်ကျရင် တင်လိုက်မယ်နော် အစ်မ။ ညီမမွေးနေ့လည်း ရောက်တော့မယ်။ :)

rose said...

အသည်းပုံကိတ်လေး သိပ်လှတာပဲ အစ်မအိုင်ဗီ။ ရို့စ်တောင် ကိတ်မုန့်ထလုပ်ချင်စိတ် ပေါက်သွားပြီ။ အစ်မက ဘာလို့ အသည်းပုံ ပုံစံထဲမှာ တခါတည်း မုန့်ကို ထည့်မဖုတ်တာလဲဟင်။

Evy said...

မြတ်ကြည်၊ Iora နဲ့ ရို့စ်ရေ ကျေးဇူးပါ။ မြတ်ကြည်ရဲ့ မုန့်လေးတွေကို မျှော်နေတယ်နော်။ ရို့စ်ရေ အသည်းပုံ ပုံစံထဲ့မှာ မုန့်ကို မဖုတ်တာက ဒီလို၊ ၀ယ်တုန်းကတော့ ပုံစံခွက်ဝယ်မလို့။ သံကွင်း မှားဝယ်မိလို့ :P အဲလိုဖြစ်သွားတာ ။ ဇတ်လမ်းက အဲသလို :D

ဘေဘီ said...

ပျော်ရွှင်စရာ ချစ်သူများနေ့နဲ့ မွေးနေ့ဖြစ်ပါစေ ညီမလေး
ဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေ။ ကိတ်လေးက လှတော့ စားရက်မယ်တောင်မထင်ဘူးး)

သက်ဝေ said...

မနေ့က Raffel city ကိုရောက်သေးတယ်... ညီမပြောတဲ့ bazzar sales ဆိုတာ မတွေ့ခဲ့ဘူး...း(

အသည်းပုံ ဗယ်လင်တိုင်း ကိတ်လေးက ချစ်စရာကောင်းလိုက်တာ... တော်တော်ကြီးကို စိတ်ရှည်လက်ရှည်လုပ်ရမှာနော်... အမကတော့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ Cheese Cake မှာပဲ ရပ်နေတယ်... သင်ခန်းစာ အသစ်ကို ဆက်မတိုးနိုင်သေးဘူး.. အဟိ...

Evy said...

မမဘေဘီ စားရက်လားမစားရက်လားတော့မသိဘူး ကိတ်မုန့်က ဗိုက်ထဲကို ၃ပုံ ၂ ပုံလောက်ရောက်သွားပြီ။ :D :D

မသက်ဝေ - ဟုတ်တယ်မရေ အဲဒီ sales ကလေ မမြင်သာဘူး။ အောက်က Laneige ဆိုင်ဘေးမှာ ဆိုင်းဘုတ် သေးသေးလေးနဲ့ ထောင်ထားတာ။ 3 လွှာက အခန်းကျဉ်းကျဉ်းလေး ၁ ခုထဲမှာ။ လူသွားများတဲ့ နေရာမှာမဟုတ်လို့။ ဒါတောင် အတူသွားတဲ့ ညီမလေးမျက်စေ့လျင်လို့ သိလိုက်တာ။

Mon Mon Aung said...

အစ်မ Evy ရေ ... အစ်မရဲ့ ချစ်သူများနေ့နဲ့ အစ်မ မေမေရဲ့မွေးနေ့ အမှတ်တရ ကိတ်လေးက အရမ်းကို ချစ်စရာ ကောင်းပါတယ်။ အစ်မရဲ့မေမေကိုလည်း ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ခင်မင်ခွင့်ရတဲ့အတွက် ကျေးဇူးပါ။

တီချမ်း said...

တော်တော် ကို စိတ်ရှည်တယ်နော်

လှတယ် အရသာကော တီက ရွှေပုစွန်လိုမျိုး မုန့် တွေ သိပ်မကြိုက်ဘူး ဟိုက်ဆို မုန့် လုပ်ပါ ဟိဟိ

wooem said...

အမ ရေ .. ကိတ်မုန့် တစ်ခါမှ မဖုတ်ဖူးလို့ သင်ချင်ပါတယ် .. အပြင်မှာ လက်တွေ့လုပ်တာလေး တစ်ခေါက်လောက်ကြည့်ချင်လို့ အဆင်ပြေမယ်ဆို အကြောင်းပြန်ပေးပါနော် ...

Evy said...

မွန်မွန်ရေ ဆုတောင်းလေးတွေအတွက် ကျေးဇူး။

တီချမ်း=> အဲလိုမုန့်ဖုတ်တဲ့ အချိန်ပဲ စိတ်ကရှည်တာ။ အရသာကတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ကောင်းနေတာပဲ :D :D တုံးတယ်လို့ပြောလဲခံရမှာပဲ ရှင်ပြောတဲ့ ဟိုက်ဆို ဆိုတာဘာကြီးတုန်း

ညီမ wooem အစ်မအချိန်ရရင် စီစဉ်ပေးပါ့မယ်။ ဒါပေမယ့် အစ်မက professional မဟုတ်တော့ တိကျမှာ မဟုတ်ဘူး။ မုန့်ဖုတ်ဖို့ပြောထားတဲ့ ညီမလေးတစ်ယောက် နဲ့ ချိန်းဖို့ရှိပါတယ်။ အဲဒီအခါကျရင် ပြောလိုက်ပါ့မယ်။

ချော (အစိမ်းရောင်လင်ပြင်) said...

ချစ်စရာကောင်းလိုက်တာ Evy ရယ်
မုန့်ကလေးက မစားရက်စရာလေး..
လှလိုက်တာမှ..
မစားရက်ပေမဲ့လည်း ခရင်မ်လေးတွေကို ကော်ကော်ပြီး နှိုက်စားချင်တယ်
တို့က ခရင်မ်ကြိုက်တဲ့သူဆိုတော့လေ..
စားလို့ကောင်းမှာ သေချာတယ်။။
အိမ်ချင်းသာနီးရင် ပြေးလာပြီး လာတောင်းစားတယ်သိလား
ခိခိ

နောက်နှစ်နောက်နှစ်တွေမှာ ဒီလိုနေ့မျိုးကို အတူတူ ရှိပါစေနော်..
၁၆ရက်နေ့မှာကျရောက်မဲ့ Evy မေမေလည်း ကျန်းမာချမ်းသာပါစေ.. အသက်ရာကျော်ရှည်ပါစေလို့နော်...

wooem said...

အမရေ ကျေးဇူးပါ ... ၀ဏ် အမျိုးသားက ဇူလိုင်မှာမွေးနေ့ .. သူ့ဖို့ မွေးနေ့ကိတ်လုပ်တတ်ရင်ကို ရပါပြီ။ အမ အဆင်ပြေလို့ လုပ်ဖြစ်ရင် wooem05@gmail.com ကို မေးလ် လေး ပို့ပြီး လှမ်းခေါ်လိုက်ပါနော် .. ကျေးဇူး အထူးပါ ... :)

Kyaw Hnin Se Lwin said...

မရေ
ကိတ်လေးချစ်စရာလေးရယ်
ညီမတို့အိမ်လဲဗာလင်တိုင်းဒေးဆိုဘာမှလုပ်တာဟုတ်ဖူးသိလား
:D

nitar said...

ama.. what cream did u use in this cake ?

Evy said...

Hi sis Nitar, I used non dairy whipping cream