Sunday, September 18, 2011

Homemade Cream Puff





မနေ့ကသူငယ်ချင်း၃ယောက် ဆုံဖြစ်ကြပါတယ်။ အဲဒီနေ့ မတိုင်ခင်မှာကတည်းက ဘာမုန့်လုပ်ရမလဲလို့ တော်တော်စဉ်းစားနေတာ။ ချိစ်ကိတ်လိုလို ဘရောင်နီလိုလိုနဲ့ ဝေခွဲမရဖြစ်နေတာ။ ဒေါ်ကြီးဘိုကတော့ ထုံးစံအတိုင်း ဘရောင်နီ ကို Pecan Nut နဲ့ဆိုပြီး အော်နေတာပါဘဲ။ ဒါပေမယ့်လည်း အဲဒီဘရောင်နီကို လုပ်ချင်စိတ်မရှိလို့ ချိစ်ကိတ်လုပ်မယ်ဆိုပြီး စိတ်ဆုံးဖြတ်လိုက်တယ်။ ဖြစ်ချင်တော့ အိမ်မှာ အသင့်ဝယ်ပြီးသား ခရင်မ်ချိစ်ကလည်း မရှိဘူး၊ ဒါနဲ့ သောကြာနေ့ ညရုံးပြန်မှ ၀ယ်ပြီး ညမှာ မုန့်လုပ်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ သောကြာနေ့ ညနေဆို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အလုပ်ရဲ့ ထုံးစံ အတိုင်း ပြသနာက ညနေ ၅း၃၀ မှာမှ ထပြီး တက်ပြပါလေရော။ အဲဒါနဲ့ ချိစ်ဝယ်မယ့် အစီအစဉ်လဲ ပျက်၊ မိုးချုပ်တာလဲ နောက်ကျပြီး လူကဘာမှကို မလုပ်နိုင်တော့တာ။ မနက်ကျတော့မှ အိမ်မှာရှိတာလေးနဲ့ပဲ လုပ်ယူသွားမယ်ဟာဆိုပြီး ဒီမုန့်လေးတွေကို ထလုပ်လိုက်တော့တာ။ တစ်ခါတော့ လုပ်ဖူးပြီးသားပါ။ လုပ်နည်းလေးတွေပြန်ကူးလေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

* ကြက်ဥ ၂ လုံး
* ဂျုံ ၇၅ ဂရမ်
* သကြား စားပွဲဇွန်း ၁ဇွန်း
* ရေ ၁၂၅ ဂရမ်
* ထောပတ် ၄၅ ဂရမ်


1. ပထမဆုံး ဂျုံကို စကာချပြီး သကြားနဲ့ရောမွှေထားပါ။
2. ရေနဲ့ ထောပတ်ကို ရောပြီး ဆူအောင်တည်ပါ။ ဆူပြီဆိုတာနဲ့ ခုနက ဂျုံ၊သကြားအရောကို လောင်းထည့်ပြီး သမအောင်မွှေပါ။ ပြီးရင် ၅ မိနစ်ခန့် အအေးခံပါ
3. အေးသွားပြီဆိုရင် ကြက်ဥကို ၁ လုံးစီရောမွှေပေးပါ။ တစ်လုံးသမအောင်မွှေပြီးမှ နောက်တစ်လုံးထည့်ပါ။
4. ပြီးရင် ဗန်းပေါ်မှာ pipe နဲ့ ပုံစံသွင်းပြီး ၁၉၀ ဒီဂရီမှာ ၁၀မိနစ်ဖုတ်ပါ။ နောက် အပူချိန်ကို ၁၇၀ဒီဂရီလျော့ချပြီး 20 မိနစ်ဖုတ်ပေးပါ။ Oven ထဲက ထုတ် အပေါက်ကလေးတွေ ဖောက်ပြီး 5 မိနစ်လောက် ၁၇၀ ဒီဂရီမှာ ထပ်ဖုတ်ပေးပါ။ ဒါဆိုရပါပြီ။

Custard လုပ်ပါမယ်
custard power - ၁ဇွန်း
ဂျုံ - ၁ဇွန်း
ကြက်ဥ ၁လုံး
သကြား ၁ ဇွန်းခွဲ
နို့ ၂၅၀ မီလီလီတာ

သကြား၊ ကြက်ဥ၊ ဂျုံနဲ့ custard power ကိုရောလိုက်ပါ။  နို့တွေကို မီးပေါ်မှာဆူကာနည်းအထိတည်ပေး
ပါ။ ခုနက သကြား၊ custard power၊ နို့ရောထားတဲ့ အထဲထည့်မွှေပေးပါ။ ပြီးရင် မီးပေါ်ပြန်တင်ပြီး ဆူအောင်ကြိုပေးပါ။ အဆက်မပြတ်မွှေပေးရပါမယ်။ ပျစ်လာပြီဆို မီးပေါ်က ချပြီး အအေးခံပါ။ မြန်မြန်ရချင်လို့ ရေခဲသေတ္တာထဲ ထည့်လိုက်ပါတယ်။ custard အေးသွားရင် မုန့်လေးတွေထဲ ထည့်လို့ရပါပြီ။ ဒါဆိုရင် စားဖို့အသင့်ဖြစ်ပါပြီ။

 ယူသွားဖို့ အသင့်


ဒါကတော့ ကွတ်ကီးလေးတွေပါ။ ဒေါ်ကြီးဘို လက်ဆောင်ပေးထားတဲ့ cookies cutter လေးတွေနဲ့ ဖြတ်ထားတာ။ လုပ်ထားတာတော့ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းပါဘဲ။ သူပေးထားတာလေးတွေနဲ့ မုန့်မလုပ်ဘူးလားလို့ တပူပူလုပ်နေလို့ သတိရတုန်းလေး တင်လိုက်တာပါ။

7 comments:

Shinlay said...

ကျမကြိုက်တဲ့မုန့် တစ်ခုပါပဲ။

ဘေဘီ said...

လှလိုက်တာ စားချင်စရာလေး
အဲ့လို ပုံလေးဖြစ်အောင် လုပ်တတ်မှာ မဟုတ်ဘူး

Aunty Oo said...

ပထမတစ်ခါတင်ကတဲကလုပ်ကြည့်ချင်တာအဖြစ်မရှိမှန်းသိ
တာနဲ.စိတ်လျော့ထားတယ်။ခုထပ်တွေ.တော့ပိုစားချင်လာ
တယ်။ဒါပေမဲ့evy လုပ်တာဘဲစားသွားပြီ။

cho cho chit said...

မမ ရေ ..
ဒါလေး က လွယ်လို့ လုပ်စားကြည့်အုံးမယ် ။။

Thinzar said...

cream puff ကို အစ်မနည်းတိုင်း လိုက်လုပ်ကြည့်တာ ဖြစ်သွားတယ်။ :) အစ်မလုပ်ထားသလောက်တော့မလှပေမယ့် စားလို့ကောင်းတယ်။ Thanks for the recipe again..

Unknown said...

တစ်ဇွန်းဆိုတာ teaspoon လား Tablespoon လား သိချင်ပါတယ်။ Thanks နော်။

Evy said...

custard powder က လက်ဖက်ရည် ၁ဇွန်။ ဂျုံက စားပွဲဇွန်း ၁ ဇွန်းပါ။