Saturday, November 13, 2010

Oatmeal Mixed Fruit Bars

မနက်စာအဖြစ်သင့်တော်တဲ့ သစ်သီး+Oat နဲ့ လုပ်ထားတဲ့ bar လေးတွေပါ။ Oatmeal နဲ့အဓိကလုပ်ထားတာမို့ အဆာလည်းခံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ NTUC မှာလည်း ရောင်းတာတွေ့ဖူးပါတယ်။ ဈေးကလည်း သိပ်မသေးလှပါဘူး။ ဒီ bar သေးသေးလေးတစ်ခုကို 1 $Sလောက်ပေးရတာ။ အိမ်မှာလုပ်တော့ ဈေးသက်သက်သာသာနဲ့ များများစားရတာပေါ့နော်။ အိမ်မှာ Oatmeal ပုံးတစ်ပုံးသောင်တင်နေရကနေ ကြာလာတော့ ဘာလုပ်ရမှန်းမသိတာနဲ့ ဒီမုန့်စမ်းလုပ်တဲ့ဆီရောက်သွားတာပါ။ ဒါတောင်အများကြီး ကျန်နေသေးတော့ နောက်ဘယ်နေရာမှာ အသုံးချရမယ် ဆိုတာကို ခေါင်းခြောက်အောင်စဉ်းစားရပါလိမ့်ဦးမယ်

ဒီနည်းကတော့ food blogger တစ်ယောက်ဆီကနည်းကို ယူပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ နဲနဲပြင်ထားတာပါ။ အချိုသိပ်မများဘဲ စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • Oat meal 1 cup
  • Flour 1 1/4 cups
  • baking soda 1/2 tsp
  • salt 1/2 tsp
  • 1 egg
  • Brown sugar 1/2 cup
  • cinnamon powder 1 tsp
  • Almond flakes 1/2 cup
  • vanilla extract 1 tsp
  • 80ml of sunflower oil
  • dry mixed fruits 1 cup
  • 2 table spoon of condense mil
  1. သစ်သီးနဲ့ နို့်ဆီကို ရောထားလိုက်ပါ
  2. မုန့်ဖုတ်မယ့်ဗန်းကို ဆီသုတ်ထားပါ
  3. Dry ingredients အားလုံးကိုရောပြီး သမအောင်မွှေပါ။ ပြီးရင် ဆီ၊ ကြက်ဥ နဲ့ vanilla ကိုထည့်ပြီး သမအောင်ထပ်မွှေပါ။ ဒါဆို မုန့်ဖုတ်ဖို့ မုန့်သားရပါပြီ။
  4. မုန့်ဗန်းထဲကို ခုနကမုန့်သားကို လက်မ၀က်လောက်နီးပါးအထူ ဖြန့်ခင်းပေးပါ။ ပြီးရင် သစ်သီးခြောက်နဲ့ နို့ဆီအရောကို ခုနကမုန့်သားပေါ် ဖြန့်ခင်းပေးပါ။ နောက်ဆုံးမှ ကျန်တဲ့မုန့်သားကို ထပ်ခင်းပြီး လက်သန့်သန့်လေးနဲ့ အသာဖိပေးပါ
  5. ၁၇၀ဒီဂရီ C မှာ ၃၀ မိနစ်ဖုတ်ပေးရင်ရပါပြီ။
  6. oven ထဲမှထုတ်ပြီး နှစ်သက်ရာပုံ လှီးပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ




4 comments:

Baby taster said...

ကျေးဇူးပဲ ညီမရေ
အမက အပြင်မှာ ၀ယ်စားနေကြပါ
အဆာခံလို့လေ ကယ်လိုရီ သိတ်မများတဲ့
မုန့်ဖုတ်နည်း တွေပြောပြပါလား အမက၀တော့
ကယ်လိုရီ နည်းတဲ့ မုန့်လေးတွေ လုပ်စားချင်ပါတယ်
အခု အပြင်မှာ ၀ယ်စားနေတာဆို သေးသေးလေး
တထုပ်ကို ကယ်လိုရီ ၁၁၀ တောင်ပါတယ်

Sunny said...

မုန့်ဖုတ်နည်းတွေကို မှတ်ထားပါတယ်.. အခုလောလောဆယ်တော့ အိမ်မှာ oven မရှိတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး ဖြစ်နေတယ်..

မိုးကောင်းသူ said...

မုန့်လုပ်နည်းတွေကို တိုးတိုးတိတ်တိတ် နဲ့ ဘာမှ မပြောဘဲ ဖတ်နေတာကြာပြီ။ ခုမှ မန့်ဖြစ်တယ်။ ညီမလေး ဘလော့လဲ လင့်ချင်လို့ပါရှင်။

Evy said...

လာဖတ်လို့ရော လင့်လို့ပါကျေးဇူးပါနော်။ မမိုးကောင်းသူရဲ့ blog ကို ခွင့်မတောင်းပဲလင့်ထားတာကြာလှပြီ :D