ဒီမှာမလေးဆိုင်တွေမှာတော့ ပဲပုတ်ကို သကြားနဲနဲထည့်ကြော် ပြီး ငါးသေးသေးကြော်တို့၊ မြေပဲကြော်တို့တွေနဲ့ စားကြတာမြင်ဖူးပါတယ်။ တစ်ခါမှတော့ မမြည်းဖူးပါဘူး။ အိမ်မှာဘဲ စိတ်ကြိုက် ခရမ်းချဉ်သီး များများနဲ့ချက်စားလိုက်ပါတယ်။ ဒါကအိမ်မှာချက်တဲ့ပုံစံပါ။ တကယ့်ရှမ်းပြည်က ချက်တဲ့ပုံမျိုးနဲ့ တူချင်မှတူမှာပါ။ စိတ်ကူးပေါက်သလိုချက်ထားတဲ့ ပဲပုတ်ချက်ပါနော့။
- Tempe ပဲပုတ် ၁ ထုတ် (ကတ်ကျေးနဲ့ သေးသေးညှပ်ထား)
- ခရမ်းချဉ်သီး ၅ လုံး (ပါးပါးလှီးထား)
- ငါးပိ နဲနဲ
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ရမွှာ (ထောင်းထား)
- ငရုပ်သီးတောင် အနီအသေး (အစပ်စားနိုင်သလောက်ထည့်ပါ)
ဆီစားပွဲဇွန်း ၆ ဇွန်းလောက်ကို ပူအောင်တည်။ ကြက်သွန်ဖြူထည့်။ ကြက်သွန်အနားလေးတွေ နဲနဲကြွပ်စ ပြုရင် ငါးပိ၊ ခရမ်းချဉ်သီးထည့် ပြီး နူးအောင်တည်ပါ။ ပြီးမှ ပဲပုတ်ထည့် ဆား၊ပဲငံပျာရည်၊ ငရုပ်သီးတောင့် နဲ့ ရေနည်းနည်းထည့်ပါ။ ဆီပြန်ရင်ရပါပြီ။
2 comments:
like
ပဲသိုး သုပ် ကို သွား သတိရတယ်ဗျား)
Post a Comment