Sunday, August 22, 2010

ခရမ်းသီးအမဲသားနှပ် (Sauteed Beef with Eggplant and Red Chili)


ဟင်းအသစ်လေးတမျိုးပါ။ ချက်ရတာလည်း လွယ်ပြီး အရမ်းအရသာရှိပါတယ်။ စမ်းကြည့်ကြပါနော်။
  • ခရမ်းသီးတစ်လုံးကို ပါးပါးလေးတွေလှီးထား၊
  • အမဲသားအကြေသားကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ထား၊
  • ကြက်သွန်နီ အသေးတစ်ဥ နဲ့ ကြက်သွန်ဖြူ ၃ မွှာ၊ ဂျင်းလက်တဆစ်လောက်ကို ကြိတ်ထား။
  • ငရုပ်သီးတောင့်ပွ အနီရောင်ကိုခပ်ကြီးကြီးလှီးထား။
  • ခရမ်းချဉ်သီးအသေးတစ်လုံးကိုလည်း ခပ်သေးသေးလှီးထားလိုက်ပါ

ဆီ စားပွဲဇွန်း ၃ ဇွန်းလောက်ကို အရင်သတ်၊ ဆီပူရင် ကြက်သွန်ဖြူနီ၊ဂျင်းထည့်ပြီး နွမ်းအောင် ခဏတည်ထားပါ။ ပြီးရင် ခရမ်းချဉ်သီးထည့် ပြီး ကြေအောင်မွှေပေးပပါ။၊ ခဏကြာရင် အမဲသား၊ ခရမ်းသီးထည့်၊ ငရုပ်သီးထည့်၊ ပဲငံပျာရည်တစ်ဇွန်းထည့် ပြီး ခဏတည်ထားပါ (ကြားထဲမှာ မကြာမကြာမွှေပေးပါ) ဆီပြန်ရင် ရပါပြီ။

No comments: