Friday, July 9, 2010

Butter Milk Scones

တနေ့ည ၉ နာရီလောက်မှာ မုန့်လုပ်စားချင်တဲ့ စိတ်ပေါ်လာတာနဲ့ မြန်ပြီးလုပ်ရလွယ်တဲ့ scones လေးတွေလုပ်စားဖြစ်ပါတယ်။ တစ်ခါတစ်လေဒီလိုပါဘဲ စိတ်ကူးပေါက်ရင်ပေါက်သလို ည၁၀နာရီလောက်မှာမှ မုန့်ထလုပ်ဖြစ်တာတွေလည်းရှိပါတယ်။ မုန့်လုပ်တာက လည်း mood ၀င်မှ လုပ်လို့ကောင်းတာမဟုတ်လား။ မယုံမရှိပါနဲ့။ သူလည်းစာကျက်သလိုပါဘဲ။ ကဲပါလေ အဲဒါနဲ့ဘဲ မုန့်လုပ်စားဖြစ်တယ်ဆိုပါတော့။ ၁နာရီအတွင်းမှာပဲ မုန့်လုပ်ပြီးသွားပါတယ်။ အမှန်မှာ oven ကြီးကြီးသာဆိုရင် အဲလောက်တောင်မကြာပါဘူး။ အိမ်က oven ကသေးတော့ ၃ခါ ခွဲလုပ်နေရလို့ ကြာသွားတာပါ။ ဘာပဲဖြစ်ဖြစ် မုန့်ဖုတ်ပြီးသွားရင်တော့ ပျော်တာတော့ အမှန်ပါဘဲ။

Ingredients
  • Cake Flour - 200g
  • Baking Powder- 2 teaspoons
  • a pinch of salt
  • Castor Sugar - 2 1/2 tea spoon
  • Milk -100ml
  • Butter - 50g

လုပ်နည်း
  1. ဂျုံ/ပွဆေး/ဆားကို ဇကာ စစ်ထားပါ။
  2. ထောပတ်ကို လေးထောင့် အတုံးသေးသေးလေးတွေတုံးပြီး ခုနက ဂျုံအရောထဲကို ထည့်ပေးပါ။ ထောပတ်က အေးရပါမယ်။ ပြီးရင် ခက်ရင်းလေးနဲ့ ဂျုံနဲ့ ထောပတ်ခဲလေးတွေရော ပြီး အဖတ်အဖတ်လေးတွေဖြစ်လာတဲ့ အထိ သမအောင် မွှေပေးပါ။ ထောပတ်ပျော်လို့မရပါ။ ပျော်ခါနီးဆိုရင် ရေခဲသေတ္တာ ထဲကို ၅ မိနစ်လောက်ပြန်ထည့်ပြီး မှ ဆက်မွှေပါ။
  3. ပြီးရင် နို့ထည်ပြီး သမအောင်မွှေပေးပါ။ ဂျုံကို ခဏတော့ နယ်ပေးရပါမယ်။ အရမ်းတော့ မကြာပါစေနဲ့ ။ ကြာရင်မာသွားပါလိမ့်မယ်။ 30sec လောက်ဆိုရပါပြီ။ ရိုးရိုး ဂျုံမှုန့်ဆိုရင်တော့ 10sec လောက်ပဲနယ်ပေးပါ။
  4. ပြီးရင် cutter နဲ့ဖြတ် ပြီး ၁၉၀ ဒီဂရီ မှာ ၁၃-၁၅ မိနစ်လောက်အထိဖုတ်ပေး ရင်ရပါပြီ။

ထောပတ် နဲ့ ဂျုံအရော မနယ်ခင်
0ven ထဲမထည့်ခင်
စားဖို့အသင့်ဖြစ်ပါပြီ။

No comments: